အသင့်သောက် ကော်ဖီ၊ လက်ဖက်ရည် အမျိုးမျိုး ရောင်းချခြင်းရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

     ၁၉.၉.၂၀၂၅ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ၊ စားသုံးသူရေးရာဦးစီးဌာန၊ ပင်းတယမြို့နယ် ဒေသဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်း များသည် ပင်းတယမြို့၌ ဈေးကွက်အတွင်း “အသင့်သောက် ကော်ဖီ၊ လက်ဖက်ရည် အမျိုးမျိုး” ရောင်းချခြင်းရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

       ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးကွက်အတွင်း ရောင်းချနေသော အသင့်သောက် ကော်ဖီ၊ လက်ဖက်ရည် အမျိုးမျိုး တို့တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အရကုန်စည်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြ ထားမှု ရှိ/မရှိ စစ်ဆေးခဲ့ရာ အဆိုပါ စျေးကွက်အတွင်း အသင့်သောက် ကော်ဖီ၊ လက်ဖက်ရည် အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါရှိသော အသင့်သောက် ကော်ဖီ၊ လက်ဖက်ရည် အမျိုးမျိုး”  ရောင်းချနေကြောင်း သိရသည်။

DOCA(ရှမ်း)