ငပုတောမြို့နယ်၊ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

         ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ  မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ သည်  ငပုတောမြို့နယ်၊ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံအရောင်းဆိုင်များသို့ အခြေခံစားသောက်ကုန် ပစ္စည်းများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် (၂၃.၉.၂၅) ရက်နေ့၊ နံနက်(၁၁း၃၀) အချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက် များနှင့် အညီ ရောင်းချမှုရှိ/မရှိ လက်ဖက်ခြောက်ထုပ်များအား မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထား မှုရှိ/မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)