ဖျာပုံမြို့နယ် မင်းလှစုကျေးရွာ စားအုန်းဆီ သက်သာဈေးဖြင့် ဝယ်ယူနိုင်ရန်အတွက် တွေ့ဆုံခြင်း

Powered by Drupal

           ဖျာပုံခရိုင်၊ ဖျာပုံမြို့ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၁၉)ရက်နေ့တွင် မင်းလှစုကျေးရွာရှိ ရပ်မိရပ်ဖ (၅)ဦးနှင့်အတူ မင်းလှစုကျေးရွာရှိ ရွာသူ/သားများ စားအုန်းဆီ သက်သာဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရန် ခရိုင်စားသုံးသူရေးရာ ဦးစီးမှူးရုံး၌ တွေ့ဆုံဆွေးနွေးမှု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          အဆိုပါ တွေ့ဆုံမှုတွင် ခရို်ငဦးစီးမှူး ဦးထွေးသိမ်းသည် မင်းလှစုကျေးရွာအတွင်းရှိ အိမ်ထောင်စု (၂၀၀)စုအား စားအုန်းဆီ သက်သာဈေးဖြင့် ဝယ်ယူနိုင်ရေးအတွက် စာအုပ် ထုပ်ပေးမည်ဖြစ်ကြောင်း၊  ကျေးရွာပြည်သူများ စနစ်တကျဝယ်ယူနိုင်ရန် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆောင်မှုဖြင့် ဆီဖြန့်ဖြူးရေးကော်မတီ ဖွဲ့စည်းထားရမည်ဖြစ်ကြောင်း၊ စားအုန်းဆီ ဈေးနှုန်း/အချိန်အတွယ် မှန်ကန်မှုဖြင့် ဝယ်ယူနိုင်ရန် အဖွဲ့ဝင်များမှ  ကြီးကြပ် ဆောင်ရွက်ရမည်ဖြစ်ကြောင်းတို့ ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)