ဖျာပုံမြို့၊အမှတ်(၁၈/၁၉ )ရပ်ကွက်သို့မြေပြင်လူဦးရေစာရင်း မှန်ကန်စေရေးကွင်းဆင်း စစ်ဆေး

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်အတွင်း၌ လူဦးရေစာရင်း မှန်ကန်စေရေး၊ မြေပြင်ကွင်းဆင်းစာရင်းစိစစ်မှုများအားတစ်မြို့နယ်လုံးအတိုင်းအတာဖြင့်လိုက်လံစစ်ဆေး ဆောင်ရွက်လျက်ရှိရာစက်တင်ဘာလ၄နေ့လယ်ပိုင်းအချိန်က အမှတ်(၁၈/ ၁၉ )ရပ်ကွက်သို့ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ လံစစ်ဆေး ကြည့်ရှုခဲ့ကြောင်းသိရသည်။
        အဆိုပါကွင်းဆင်းဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများအား ဖျာပုံခရိုင်စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့်၊ တာဝန်ရှိသူများက စစ်ဆေးရာတွင်
အိမ်ထောင်စု အမှတ်စဥ်နှင့် မိသားစုအမှတ်စဥ်များကို နေရပ်လိပ်စာအတိုင်း၊ နေထိုင်ခြင်း ရှိ/မရှိ၊ စာရင်းပြုစုခြင်း၊ သေဆုံးစာရင်းများ အတည်ပြုခြင်း၊ စာရင်းရှိသော်လည်း မြေပြင်တွင် နေထိုင်မှုမရှိသူများနှင့် စာရင်းမရှိ နေထိုင်သူများ စာရင်းပြုခြင်း၊ မည်သည့်လက်မှတ်မျှ ကိုင်ဆောင်ခြင်း မရှိသူများ၊ အိမ်ထောင်စုစာရင်း မရှိသူများအား စိစစ်၍ အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်လက်မှတ်တစ်ခုခုရရှိစေရေးတို့ကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်း များအား​ကြည့်ရှုစစ်ဆေးပြီးလုပ်ငန်းလိုအပ်ချက်များလမ်းညွှန်မှာကြားခဲ့သည်။ဖျာပုံမြို့နယ်တွင် အဆိုပါလူဦးရေစာရင်း မှန်ကန်စေရေး၊ မြေပြင်ကွင်းဆင်းစာရင်း စိစစ်မှုများ အားနေ့ရက် အလိုက် မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများသို့ ဆက်လက်ကွင်းဆင်းစစ်ဆေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

DOCA (ဧရာဝတီ)