
စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်တာဝန်ခံသည် စက်တင်ဘာလ(၂၃)ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန်၌ ညောင်ဦးမြို့၊ မြို့မအခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သော ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး အသိ ပညာပေး(KAERU CARAVAN) အစီအစဉ် ကျင်းပပြုခဲ့ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။
အခမ်းအနားတွင် ရှေးဦးစွာ ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်မီးသတ်ဦးစီးမှူးက ကလေသူငယ်များ သဘာဝဘေးအန္တရာယ်နှင့် တွေ့ကြုံလာလျှင် မိမိပတ်ဝန်းကျင်ရှိ ပစ္စည်းများဖြင့် မည်ကဲ့သို့အသုံးပြုနိုင်သည်ကို သိရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ အသိပညာပေး အစီအစဉ်များနှင့်လက်တွေ့ရှင်းလင်းပြသမှုများကို အခမ်းအနားတက်ရောက်လာသူများ ကြည့်ရှု့ အားပေးခဲ့ကြောင်းနှင့် အဆိုပါအခမ်းအနားနှင့် အသိပညာပေးအစီအစဉ်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်မှ တက်ရောက်ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
DOCA (မန္တလေး)