
အာလူးသည် မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးဖြစ်ထွန်းသော်လည်း အထူးသဖြင့် အပူချိန်အေးမြပြီး မြေဆီလွှာထက်သန်သော ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်ကဲ့သို့သော တောင်ပေါ်ဒေသများတွင် အဓိကစိုက်ပျိုးလျက်ရှိပါသည်။ ပုသိမ်မြို့နယ်သို့ ရောင်းချရန် အာလူးများကို အဆိုပါဒေသများမှ သယ်ယူပို့ဆောင်ရခြင်းကြောင့် သယ်ယူပို့ဆောင်ခွင့်ရ ကုန်ကျစရိတ်များနှင့် ဈေးကွက်ဝယ်လိုအားအပေါ် စျေးနှုန်းများ မူတည်နေပါသည်။
ပုသိမ်မြို့နယ်အတွင်းရှိ ဈေးကြီးများ၊ ကုန်စုံဆိုင်များနှင့် ကျေးရွာဈေးများတွင် စုံစမ်းရရှိချက်အရ အာလူးစျေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် (၆၅၀၀) မှ (၈၀၀၀) ကျပ်ကြားရှိနေကြောင်း သိရှိရပါသည်။ အာလူးအရည်အသွေး (အရွယ်အစား၊ လတ်ဆတ်မှု) နှင့် ရာသီအလိုက် ရိတ်သိမ်းရောင်းချမှု အခြေအနေပေါ်မူတည်၍ စျေးနှုန်းအနည်းငယ် ကွာခြားမှုရှိနိုင်ပါသည်။ လက်ရှိဈေးကွက်တွင် ဝယ်လိုအား မှန်သင့်သလောက်ရှိပြီး ရောင်းအားလည်းရှိကြောင်း တွေ့ရှိရပါသည်။
DOCA (ဧရာဝတီ)