
ပဲယဉ်းသီးနှံမှာ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပသို့တင်ပို့သည့်စျေးကွက်ဝင် ပဲအမျိုးအစား ဖြစ်ပြီး၊မန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၄-၂၀၂၅ခုနှစ် ပဲယင်းသီးနှံအပါအဝင်ပဲမျိုးစုံ စိုက်ပျိုးမှု မှာ (၁၀၁၉၄၇၇)ဧက ဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာ ကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်စက်တင်ဘာလတတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ပေါက်စျေးမှာ၃တင်းဝင်တစ်အိတ်လျှင် ပဲယင်း(ကြီး)၂၃၃၀၀၀ကျပ်၊တစ်ပိဿာစျေးမှာ ၃၈၃၃ကျပ် တို့ဖြစ်ပြီး၊ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာ ပဲယင်း(နီ) ၃၉၁၇ကျပ် နှင့် ၄၀၀၀ ကျပ်၊ ပဲယင်း (ကြီး)၃၀၀၀ကျပ်နှင့်၃၀၈၃ကျပ်တို့ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသည်။ ယခုနှင့် ယခင်နှစ်ကာလတူ ပေါက်စျေးနှိုင်းယှဉ်ပါကတစ်ပိဿာလျှင် ပဲယင်း(ကြီး)မှာ ၇၅၀ကျပ်ပိုမိုရရှိကြောင်းသိရှိရပါသည်။
DOCA(မန္တလေး)