ပခုက္ကူခရိုင်နှင့် ဂန့်ဂေါခရိုင်တွင် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား စားသုံးဆီသက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေး

Powered by Drupal

     မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏အစီအစဉ်ဖြင့် ပခုက္ကူခရိုင် စားအုန်းဆီဖြန့်ဖြူး ရောင်းချ ခြင်း ကြီးကြပ်ရေးကော်မတီမှ  ကြီးကြပ်၍ ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ နိုင်ငံ့ ဝန်ထမ်း(အငြိမ်းစား)ပင်စင်စားများအား ပခုက္ကူမြို့၊ မြန်မာ့စီးပွားရေးဘဏ်ရှေ့၌ ပင်စင်လစာ ထုတ်ရက်ဖြစ်သော (၂၂..၂၀၂၅)ရက်နေ့မှ (၂၄..၂၀၂၅)ရက်နေ့ထိ နံနက်(:၀၀)နာရီအချိန်တွင် စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

          ပခုက္ကူခရိုင် နှင့် ဂန့်ဂေါခရိုင်အတွင်းရှိ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)ပင်စင်စားဦးရေ (၃၇၀၀-၄၀၀၀)ဦးရှိပြီး တစ်ဦးလျှင်()ပိဿာနှုန်း သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချပေးကြောင်း၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံး ဝန်ထမ်းများမှ ပင်စင်စားဝန်ထမ်းများအား စနစ်တကျဝယ်ယူရရှိစေရေး၊ အချိန်အတွယ်ပြည့်ဝစေရေး၊ အရည်အသွေးကောင်းမွန်စေရေးတို့ရှိစေရန် ကြီးကြပ်ဆောင်ရွက်လျက် ရှိကြောင်း  သိရပါသည်။  

DOCA(မကွေး)