ပြည်မြို့နယ်အတွင်း ဆေးဝါးနှင့် အလှကုန်ပစ္စည်းများအား ကွင်းဆင်းစစ်ဆေးမှုလုပ်ငန်းများဆောင်ရွက်

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တာဝန်ခံ ဦးထွန်းနိုင်လင်းနှင့် ဝန်ထမ်းများသည် (၁၉.၉.၂၀၂၅)ရက်နေ့၊ နံနက် (၈:၀၀)နာရီအချိန်တွင် မိတ်ဖက်ဌာနဆိုင်ရာများဖြစ်သည့် ပဲခူးတိုင်း ဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်ခရိုင်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်တိမွေးကု၊ မြို့နယ်စည်ပင်၊ မြို့နယ်ရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူ များနှင့် ပူးပေါင်း၍ ပြည်မြို့၊ ဆံတော်ရပ်ကွက်၊ အောင်မင်္ဂလာဈေးအတွင်းရှိ ဆေးဝါးနှင့် ဆေးပစ္စည်းအရောင်း ဆိုင်များ၊ အလှကုန်ပစ္စည်းအရောင်း ဆိုင်များသို့ သွားရောက်၍ ပြည်ဈေးကွက်အတွင်း ဆေးဈေးနှုန်းများကြီးမြင့်မှု မရှိစေရေး၊ သိုလှောင်၍ ဈေးကစားမှုမရှိစေရေး၊တရားမဝင်ပစ္စည်းများရောင်းချမှုမရှိစေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉၊ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားပြုလုပ်ခြင်းဆိုင်ရာ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်မှုမရှိစေရေး မြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီဖြင့် ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)