ပန်းတနော်မြို့နယ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ၂၂-၉-၂၀၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီက ပန်းတနော် အခြေခံပညာ အထက်တန်း ကျောင်း စာကြည့်တိုက်ခန်းမ၌ ကျင်းပခဲ့သည်။

      အခမ်းအနားတွင်  ပန်းတနော်မြို့နယ်  စားသုံးသူရေးရာဦးစီးဌာနမှ  မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်က စားသုံးသူကာကွယ်ရေးဥပဒေပါအခန်းလိုက်၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ၊ စီးပွားရေးလုပ်ငန်းရှင်ဆိုင်ရာဥပဒေ၊ စားသုံးသူအခွင့်အရေး (၈)ချက်ပါ အကြောင်းအရာများ၊ စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်များရဲ့ တာဝန် များ၊ စားသုံးသူများ တောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ နစ်နာသည့် စားသုံးသူများ တိုင်ကြားနိုင်မည့် အခြေအနေများနှင့်တိုင်ကြားနိုင်သည့်နေရာများ၊ ပြစ်မှုပြစ်ဒဏ်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ သိသင့်သိထိုက်သည်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)