စင်္ကာပူနိုင်ငံ၏ ဒုတိယသုံးလပတ်၌ နိုင်ငံသားများအလုပ်အကိုင်ရရှိမှုနှုန်းမြင့်တက်လာ

Powered by Drupal

          စင်္ကာပူနိုင်ငံ၏ အလုပ်သမားစျေးကွက်သည် ဒုတိယသုံးလပတ်တွင် ဆက်လက်တည်ငြိမ်နေပြီး စုစုပေါင်းအလုပ်အကိုင်သည် ပထမသုံးလပတ်တွင် ၂၃၀၀ တိုးတက်ခဲ့သည်နှင့် နှိုင်းယှဉ်ပါက ၁၀၄၀၀ တိုးတက်လာကာ ၃၇၅၇၃၀၀ သို့ရောက်ရှိခဲ့ကြောင်း လူ့စွမ်းအားဝန်ကြီး ဌာနက စက်တင်ဘာလ ၁၇ ရက်နေ့က ပြောကြားခဲ့ပါသည်။

           စင်္ကာပူနိုင်ငံသားများနှင့် အမြဲတမ်းနေထိုင်သူများ၏ အလုပ်အကိုင်သည် ၂၆၀၀ တိုးတက် ခဲ့ပါသည်။ နိုင်ငံခြားသား အလုပ်အကိုင်သည် ၇၈၀၀ အတိ တိုးလာခဲ့ပြီး အဓိကအားဖြင့် ဆောက်လုပ်ရေးလုပ်သားများနှင့် ယာဉ်မောင်းများဖြစ်ပါသည်။

        ဒုတိယသုံးလပတ်အတွင်း အလုပ်ခန့်ထားမှုနှင့် နုတ်ထွက်မှုနှုန်းများသည် ယခင်စံချိန်တင်ထားသော ပျမ်းမျှနှုန်းများနှင့် နှိုင်းယှဉ်ပါက နိမ့်ကျလျက်ရှိပါသည်။ ဝန်ဆောင်မှုလုပ်ငန်းများ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး၊ ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းများတွင် အလုပ်ခန့်ထားမှုနှင့် နုတ်ထွက်မှုနှစ်ခုစလုံးတိုးလာခဲ့ကြောင်း သိရှိရပါသည်။

         အနာဂတ်တွင် ကမ္ဘာလုံးဆိုင်ရာ မသေချာမရေရာမှုများသည် အလုပ်ခန့်ထားမှုနှင့် လုပ်ခလစာအပေါ်သက်ရောက်မှု ဖြစ်မည်ဟု ခန့်မှန်းရပါသည်။ အဆိုပါအစီအရင်ခံစာပါ ကိန်းဂဏန်း အချက်အလက်များသည် ရွှေ့ပြောင်းလုပ်သမားများကို ထည့်တွက်ထားခြင်းမရှိကြောင်း သိရှိရပါသည်။

Source : Xinhua

DOCA (ရန်ကုန်)