
ကမ္ဘောဒီးယားနိုင်ငံသည် ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံဖြစ်သည့် အိန္ဒိယသို့ လယ်ယာထွက်ကုန်များ ပိုမိုတင်ပို့နိုင်ရန် အခွင့်အလမ်းများကို ရှာဖွေလျက်ရှိသည်။ ကမ္ဘောဒီးယားနိုင်ငံ၊ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန (MAFF) ၏ ပြောရေးဆိုခွင့်ရှိသူ Khim Finan ၏ ပြောကြားချက်အရ အိန္ဒိယနိုင်ငံသည် အထူးသဖြင့် ကမ္ဘောဒီးယား သီဟိုဠ်စေ့များအတွက် အလားအလာကောင်းသော ဈေးကွက်ကို ကိုယ်စားပြုနေကြောင်း ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားသည် သီဟိုဠ်စေ့၊ ဆန်နှင့် နနွင်းမှုန့် အပါအဝင် ဟင်းခတ်အမွှေးအကြိုင်များစွာကို အိန္ဒိယဈေးကွက်သို့ တင်ပို့နိုင်ခြေကို ရှာဖွေနေကြောင်း Finan က ဆက်လက်ပြောကြားခဲ့သည်။ အိန္ဒိယ၏ ကျယ်ပြောလှသော ဈေးကွက်သည် လူဦးရေ ၁.၄ ဘီလီယံရှိသော်လည်း နှစ်နိုင်ငံကြား ကုန်သွယ်မှုပမာဏမှာ အကန့်အသတ်ရှိနေဆဲဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ မှ သြဂုတ်လအထိ နှစ်နိုင်ငံကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၂၄၈ သန်းသာ ရှိခဲ့ပြီး ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂.၆၇ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း Finan က ဆက်လက်ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသည် အိန္ဒိယသို့ ကုန်စည်တင်ပို့မှုမှ ဒေါ်လာသန်း ၉၀ (၂၃.၃၅ ရာခိုင်နှုန်း) လျော့ကျခဲ့ပြီး အိန္ဒိယမှ သွင်းကုန်ပမာဏမှာ ကန်ဒေါ်လာ ၁၅၈ သန်း၊ (၂၇.၂၅ ရာခိုင်နှုန်း) မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
Source: Khmer Times