တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ ဝက်အူချောင်း ဈေးနှုန်း

Powered by Drupal

      တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့ရှိ စည်ပင်သာယာဈေးနှင့် ညနေဈေးတို့တွင် ဝက်အူ ချောင်းများ ရောင်းချလျက်ရှိပါသည်။ ဝက်အူချောင်းများကို မိမိကိုယ်တိုင်သော်လည်ကောင်း၊ အခြား မြို့များမှယူ၍လည်ကောင်း ရောင်းချလျက်ရှိကြောင်း သိရပါသည်။

     ဝက်အူချောင်းသည် လျင်မြန်စွာချက်ပြုတ်စားသောက်နိုင်သည့်အတွက်  အချိန်ကုန်သက်သာ စေသောအစားအစာတစ်မျိုးဖြစ်ပါသည်။ဝက်အူချောင်းများကို စားသောက်ဆိုင်များနှင့် ထမင်းဆိုင် များမှလည်းကောင်း၊ အိမ်ရှင်မများဟင်းချက်ရာတွင်လည်းကောင်း အသုံးပြုကြပါသည်။

၂၀၂၅ခုနှစ်၊ စက်တင်ဘာလ စတုတ္တပတ် အတွင်း ရောင်းချလျက်ရှိသော ဝက်အူချောင်း ဈေးနှုန်းမှာ ဝက်အူချောင်း(၁)ပိဿာလျှင်(၄၅၀၀၀) ကျပ်၊(၅၀) ကျပ်သားလျှင် (၂၂၅၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင်(၄၅၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်း၊ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သောကြောင့် ရောင်းအားကောင်းကြောင်း ဝက်အူချောင်းရောင်းချသူထံမှ သတင်း ရရှိပါသည်။

DOCA(တနင်္သာရီ)