ဆန်စက်အသင်းနှင့်တွေ့ဆုံ ဆွေးနွေးခြင်း

Powered by Drupal

   မအူပင် ခရိုင်၊ ဓနုဖြူမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံရုံးမှ ဦးခိုင်လွမ်းမိုးနှင့် ဝန်ထမ်းတို့သည်  (၁၈-၉-၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ၌ ဆန်/စပါး သိုလှောင်ရုံပိုင်ရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

       ဓနုဖြူမြို့နယ် ဆန်စက်အသင်းဝင်များကို ဦးခိုင်လွမ်းမိုးက ရှင်းလင်းဆွေးနွေးရာ ဥပဒေအရ သိုလှောင်ရုံများတွင် ဆန့်ဝင်အင်အားထက်ပိုသိုလှောင်ပါက အရေးယူမည်ဟူသော ကောလဟာလ ထွက်ပေါ်နေသည်မှာ မဟုတ်မှန်ကြောင်း၊ စပါးတင်း ၂၅၀၀ နှင့် အထက်၊ ဆန်အိတ် ၅၀၀ နှင့် အထက် ဆံ့ဝင်သည့် သိုလှောင်ရုံများသာ တရားဝင်မှတ်ပုံတင် ရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်ထားပြီးသော သိုရုံများတွင် တစ်လတစ်ခါ ရ/ထုတ်/လက်ကျန် စာရင်းများ တင်ပေးကြရန်နှင့် လိုင်စင်ရပြီး သိုလှောင်ရုံများ အနေဖြင့် သက်တမ်းတိုးစနစ်ဖြင့် ဆက်လက်မှတ်ပုံတင်ထားရှိနိုင်ကြောင်း တွေ့ဆုံ ဆွေးနွေးခဲ့မှု လုပ်ငန်းရှင်(၁၆)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)