
မြင်းခြံမြို့ပေါ်ရှိ ဘူးသီးဘူးညွှန့်များသည် စားသုံးသူများပြားသည့် သီးနှံဖြစ်သည်။ ရာသီ ပေါ်သီးနှံဖြစ်သည့် ဘူးသီးများကို ခရမ်းချဉ်သီးနှင့် ချဉ်ရည်ဟင်းချက်ပြုတ်၍ စားသောက်ခြင်း၊ ဘူးသီးနှင့် ပဲ၊ပုဇွန်ခြောက်၊ ဘူးသီးနှင့် ကြက်သားတို့ရောပြီး ကြက်ဘူးသီးဟင်းကိုနှစ်သက်စွာ ချက်စားကြသည်။အကြော်ဆိုင်များတွင်လည်း ဘူးသီးကြော်များ ရောင်းချကြ၍ ဝယ်ယူမှုများ သောကြောင့် စိုက်ပျိုးရောင်းချသူများအတွက်လည်း ဝင်ငွေရရှိစေပါသည်။ ဘူးပင်မှရရှိသော ဘူးညွှန့်များကိုလည်း ကြော်ချက်၍ စားကြသလို တို့စရာအဖြစ်လည်း စားသုံးကြပါသည်။ ယခုအခါ ဘူးသီးများကို အလုံးအကြီးအသေးပေါ်မူတည်၍ ၂၀၀၀/၃၀၀၀ ကျပ်၊ ဘူးသီးအနုမှာ (၅၀၀)ကျပ်၊ ဘူးညွှန့်တစ်စည်းလျှင် (၄၀၀)ကျပ်နှင့် (၃)စည်းလျှင် (၁၀၀၀)ကျပ်ဖြင့် အရောင်း အဝယ်ရှိနေကြောင်း သိရသည်။
DOCA(မန္တလေး)