ညောင်တုန်းမြို့နယ် ဆေးဆိုင်ကြီးများနှင့် ဆေးခန်းများအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်အတွင်းရှိ လိုင်စင်သက်တမ်းတိုးနှင့် လိုင်စင်သစ်လျှောက်ထား‌သော ​ဆေးခန်းနှင့် ဆေးဆိုင်များ၊ အား ၁၆-၉-၂၀၂၅ ရက်နေ့ နံနက်  (၁၀:၀၀) နာရီအချိန်က စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ ကွင်းဆင်းစစ်ဆေးခဲ့​သည်။

   ထိုသို့စစ်​ဆေးရာတွင် မြို့နယ်အစားအ‌သောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲ‌‌ရေးကော်မတီနှင့် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီမှ လိုင်စင်သက်တမ်းတိုး‌လျှောက်ထားသော ဆေးခန်းများ၊ သွားနှင့် ခံတွင်း‌ဆေးခန်းနှင့် ကျန်းမာရေးသုံးရောင်းချရန် လိုင်စင်သစ်လျှောက်ထား‌သော ဆေးဆိုင် ၅ဆိုင်တို့အား သတ်မှတ်ချက်များနှင့် ကိုက်ညီစွာ လုပ်ငန်းများဆောင်ရွက်နိုင်ရေး၊ ရောင်းချနေသော ဆေးများတွင် သက်တမ်းလွန်ကုန်စည်များကို ထင်ယောင်ထင်မှား ပြုလပ်ရောင်းချခြင်း ရှိမရှိ၊ တရားမဝင်ဆေးဝါးများရောင်းချမှ မရှိစေရေး ဆေးဈေးနှုန်းနှင့် ဈေးကွက်အတွင်း ဆေးဝါးပြတ်လပ်မှု ရှိမရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)