အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဟောပြော

Powered by Drupal

    ဧရာဝတီ  တိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့ရှိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်’မတွင် (၁၇-၉-၂၀၂၅)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများနှင့် ရပ်ကျေး စာရေးများကို စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင် ဦးစီးအရာရှိ)က Online Sale မှတ်ပုံတင်ခြင်းဆိုင်ရာနှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

       ဟောပြောဆွေးနွေးရာတွင် ခရိုင်တာဝန်ခံမှ Online Sale ဝန်ဆောင်မှုလုပ်ငန်းများနှင့်ပတ်သက်သည့်အကြောင်းအရာများ၊ အွန်လိုင်းစနစ်ဖြင့်ရောင်း ချသူ (Online Sales)များ မှတ်ပုံတင်ရန်အတွက် အမိန့်ကြော်ငြာစာပါအချက်အလက်များကို ရှင်းလင်းခြင်း၊ အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ရန်နည်းလမ်းများ၊ မှတ်ပုံတင်ရာတွင်ပူးတွဲ တင်ပြရမည့်အချက်များ၊ မှတ်ပုံတင်မည့်သူများ သိရှိလိုက်နာရမည့်စည်းကမ်းချက်များ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း(Online Sales)၊ လုပ်ငန်းမှတ်ပုံတင်(အသစ်) လျှောက်ထားရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်များ၊ မှတ်ပုံတင်လျှောက်ထားရာတွင် သိရှိရန်အချက်များ စသည်တို့ကို ပြည့်ပြည့်စုံစုံ ဆွေးနွေးခဲ့ပြီး တက်‌ရောက်သူ  စုစုပေါင်း(၁၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)