“ အခြေခံစားသောက်ကုန်ဈေးနှုန်းပြောင်းလဲမှုအခြေအနေဈေးကွက်စောင့်ကြည့်ကွင်းဆင်း စစ်ဆေး ”

Powered by Drupal

              ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့နှင့် ဩဂုတ်လကုန်မှ စက်တင်ဘာလဝက်အတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်း ပြောင်းလဲမှုအခြေအနေအား စက်တင်ဘာလ(၁၅)ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန် ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ် ဆေးခဲ့ကြောင်း သိရသည်။

           ထိုသို့ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီး ဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းနှင့် ဒုတိယဦးစီးမှူး ဒေါ်နီလာဝင်း၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ မြို့မဈေးတာဝန်ခံ ဦးအေးသွင်တို့သည် ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ အခြေခံစားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များဖြစ်သော ဆန်အမျိုးအစားအလိုက် ဝယ်ယူဖြန့်ဖြူးရောင်းချလျက်ရှိသော ဆန်အရောင်းဆိုင်များ၊ ကုန်ခြောက်ပစ္စည်းအမျိုးမျိုး အရောင်းဆိုင်များ အသား၊ ငါး၊ ပုဇွန် အရောင်းဆိုင်များ၊ ငါးပိ၊ ငါးခြောက်၊ ကြက်ဥ၊ ဘဲဥနှင့် ကုန်စိမ်းအရောင်းဆိုင်များတွင် ဝယ်ယူဖြန့်ဖြူးရောင်းချလျက်ရှိသော ဈေးနှုန်းများအား စာရင်း ကောက်ယူစစ်ဆေးခဲ့ရာတွင် ဩဂုတ်လကုန်မှ စက်တင်ဘာလ၏ လလယ်အထိ အခြေခံစား သောက်ကုန်ပစ္စည်းအများစု၏ ဈေးနှုန်းမှာသိသိသာသာပြောင်းလဲမှုမရှိသော်လည်း စားအုန်းဆီ ဈေးနှုန်းမှာ အနည်းငယ်မြင့်တက်မှုရှိသည်ကို ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေး စိစစ်‌ တွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)