ပန်းတနော်မြို့နယ် ဆီကုန်သည်များအသင်း၊ စားအုန်းဆီလက်ကားကိုယ်စားလှယ် နှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

     ၁၆-၉-၂၀၂၅ ရက်နေ့ နံနက် ၁၀နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ပန်းတနော် မြို့နယ်တာဝန်ခံတို့သည် ပန်းတနော်မြို့နယ် ဆီလက်ကားရောင်းချသူကိုယ်စားလှယ် ၅ဦးနှင့် တွေ့ဆုံ၍ ဆီဖြန့်ဖွဲရောင်းချမှု စနစ်တကျမှန်ကန်စွာ ဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

     ဆွေးနွေးရာတွင် မအူပင်ခရိုင်ဦးစီးမှူးဦးဇော်မင်းက ပန်းတနော်မြို့နယ်အတွက် ရရှိသေ ဆီပေပါ ခွဲတမ်းများကို ဆီကုန်သည်များအသင်းနှင့် စားသုံးသူရေးရာဦးစီးဌာမှ စနစ်တကျကြပ်မတ်၍ ရောင်းချမည့် ဆီလက်ကားကိုယ်စားလှယ်များထံ စာရင်းဇယားမှတ်တမ်းဖြင့် ခွဲဝေပြုစု ဆောင်ရွက်ထားရန်၊ ဆီရောင်းချဖြန့်ဖြူးသည့် လက်လီကိုယ်စားလှယ်များထံ စနစ်တကျခွဲဝေပြီး နေ့စဉ် ရောင်းချမှုများကို သတ်မှတ်ရည်ညွှန်ဈေးဖြင့် ရောင်းချစေရေး၊ မြင်သာသောနေရာတွင် စားသုံးသူ သိရှိနိုင်အောင် ကြော်ငြာ၍ ပွင့်လင်းမြင်သာစွာ ရောင်းချရေး စစ်ဆေးဆောင်ရွက်ခြင်းများ မကြာခဏ ဆောင်ရွက်ရန်၊ ကျေးရွာများသို့ ဆီကိုယ်စားလှယ်များ ရောင်းချသည့်အခါတွင်လည်း တိကျမှန်ကန်စွာ သတ်မှတ်နေရာများသို့ စနစ်တကျရောင်းချနိုင်ရေး ဆောင်ရွက်ရန် မှာကြားဆွေးနွေးပြီး ပန်းတနော်မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်မှ ပန်းတနော်မြို့နယ်၏ နေ့စဉ် လစဉ် ဆီပေပါစနစ်တကျ ဖြန့်ခွဲဝေမှုနှင့် ဆီစာအုပ်ဖြင့်ရောင်းချသော ဆိုင်များမှ နေ့စဉ် ဆောင်ရွက်မှု အစီအမံများကို တင်ပြဆွေးနွေးပြီး ပန်းတနော်မြို့ပေါ်သာမက ကျေးရွာများသို့ ဆီစာအုပ်စနစ်ဖြင့် ဖြန့်ခွဲရောင်းချမှု အစီအစဉ်ဆောင်ရွက်ပြီးစီးမှူများကို တင်ပြဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ပန်းတနော် ဆီလက်ကား ကိုယ်စားလှယ်များမှ သိ၇ှိလိုသည်များ မေးမြန်းမှုကို မအူပင်ခရီုင်ဦးမှူး ဦးဇော်မင်းက ပြန်လည် ဖြေကြား ရျင်းလင်းခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)