မလှိုင်မြို့ရှိ နီနီဆန်ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ခရိုင်ဦးစီးမှူးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့်  မလှိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၆  ရက်နေ့တွင်  ပြည်တွင်းဆန်ဈေးနှုန်းတည်ငြိမ်စေရေး၊ ဆန်ဈေးနှုန်းမြှင့်တက်စေမှုမရှိစေရေးအတွက် မလှိုင်မြို့ရှိ နီနီဆန်ဆိုင်သို့ သက်ဆိုင်ရာမြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဖြင့် ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဆန်ဆိုင်များ၌ ဒေသတွင်းမှထွက်ရှိသော မနောသုခ၊ ဧရာပဒေ သာဆန်များအပြင် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း ဆန်များအား ရောင်းချလျက်ရှိကြောင်း ဆန်အမျိုးအစားအလိုက် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချလျက်ရှိပြီး လုပ်ငန်းရှင်များအား ဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန် အသိပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)