လုပ်ငန်းရှင်များအား Consumer Call Center (1535)နှင့် စပ်လျဉ်း၍ အသိပညာပေးဆွေးနွေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ခရိုင် ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ  စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နွယ်နွယ်အေး နှင့်ဝန်ထမ်းများသည် (၂၂..၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၃၀)အချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၁၁)ရပ်ကွက် ရှိ ဇင် ပဲဆီသန့်(စက်)လုပ်ငန်းရှင်အား Consumer Call Center နှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

    ထိုသို့ အသိပညာပေးဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စားသုံးသူပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်များ၊ စားသုံးသူရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ စုံစမ်းမေးမြန်းရန်၊ တိုင်ကြားနိုင်ရန်နှင့် သိရှိလိုသည်များကို Consumer Call Center (1535) သို့ ရုံးဖွင့်ရက်၊ ရုံးချိန်အတွင်းမှာ ခေါ်ဆိုမေးမြန်းနိုင်ကြောင်း၊ အသိပညာပေးလျက်ရှိသည့်အပေါ် ဇင် ပဲဆီသန့်(စက်)ထုတ်လုပ်သည့် လုပ်ငန်းရှင်မှ  Consumer Call Center (1535) လိုင်းခွဲ()အား ဖုန်းခေါ်ဆို၍ ဆီထုတ်လုပ်ရာတွင် ပါဝင်ရမည့်အချက်များ မေးမြန်းခဲ့ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)