နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား စားသုံးဆီများ သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး

Powered by Drupal

     မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏လမ်းညွှန်ချက်နှင့်အညီတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ၂၀၂၄-ခုနှစ်၊ နိုဝင်ဘာလမှစ၍ လစဉ်ပင်စင်ထုတ်သည့်ရက်တွင် သက်သာသောစျေးနှုန်းဖြင့် စားအုန်းဆီများအား ပင်စင်စားဝန်ထမ်း(၁)ဦးလျှင် (၁)ပိဿာနှုန်းဖြင့် ရောင်းချပေးခြင်းကို ပင်စင်စတင်ထုတ်ယူသည့် (၂၁)ရက်နေ့မှ လကုန်ရက်အထိ ရုံးပိတ်ရက်မပါ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

     ထိုသို့ ဆောင်ရွက်ရာ(၂၂.၉.၂၀၂၅)ရက်နေ့မှ စတင်ပြီး စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်း ပင်စင်စား (၁)ဦးလျှင် စားအုန်းဆီ (၁)ပိဿာနှုန်းဖြင့် ၎င်းတို့ ဝယ်ယူနိုင်သည့် အနေအထား ပေါ်မူတည်၍ ဆီ(၅၀)ကျပ်သား ဝယ်ယူလိုပါကလည်း ဝယ်ယူနိုင်ကြောင်း စီစဉ်ဆောင်ရွက်လျက် ရှိပြီး သက်သာသော စျေးနှုန်းဖြင့် စားအုန်းဆီရောင်းချပေးရာတွင်လည်း စားသုံးသူရေးရာဦးစီးဌာန၊ မကွေး/ ချောက်ခရိုင်ဦးစီးမှူးရုံး၊ ဝန်ထမ်းများမှ ပင်စင်စားဝန်ထမ်းများအား စနစ်တကျဝယ်ယူရရှိ စေ‌ရေး၊ အချိန်အတွယ်ပြည့်ဝစေရေး၊ အရည်အသွေးကောင်းမွန်စေရေးတို့ရှိစေရန် ကြီးကြပ်ဆောင် ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)