
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ကန့်ဘလူ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ဦးဆောင်၍ ပညာရေးဌာနနှင့် ပူးပေါင်းကာ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ပန်ချီပြိုင်ပွဲကို ကန့်ဘလူမြို့ အမှတ်(၁)အခြေခံပညာအ ထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါပန်းချီပြိုင်ပွဲတွင် ကန့်ဘလူခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အထက(၁) ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများကကြီးကြပ်၍ အခြေခံပညာကျောင်းများ အလယ် တန်းအဆင့် ကျောင်းသားကျောင်းသူ(၈၃)ဦး၊ မူလတန်းအဆင့် ကျောင်းသားကျောင်းသူ(၉၂)ဦး စုစု ပေါင်း ၁၇၅ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ အဆိုပါပြိုင်ပွဲတွင် ဆုရရှိသူကျောင်းသားကျောင်းသူများအား ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး၌ ကျင်းပမည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် ဆုများချီးမြှင့်ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
DOCA(စစ်ကိုင်း)