စားသုံးဆီများကိုသက်သာသောဈေးနှုန်းဖြင့်‌ နေပြည်တော်အတွင်းရှိမြို့နယ်များသို့ လှည့်လည်ရောင်းချပေးနေမှုများ

Powered by Drupal

       ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဒေါ်စောမာလာနွယ်နှင့် ဝန်ထမ်းများသည် နေပြည်တော်ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍  စားသုံးဆီများကို ဈေးကားများဖြင့် နေပြည်တော်အတွင်းရှိမြို့နယ်များသို့ လှည့်လည်ရောင်းချပေးလျက်ရှိရာ ၂၂-၉-၂၀၂၂ ရက်နေ့တွင် ဆီလုပ်ငန်းရှင် ဦးခင်မောင်ဝင်းမှ ပျဥ်းမနားမြို့နယ်ရှိ ဇီးရိုင်းကျေးရွာ၊ အင်းသာကျေးရွာနှင့် ကြို့တန်းကျေးရွာတို့တွင် ဆီပိဿာချိန်(၆၆၀)ပိဿာကိုလည်းကောင်း၊ ဆီလုပ်ငန်းရှင် ဒေါ်ခင်နွယ် အေးမှ ပျဥ်းမနားမြို့နယ်ရှိ ကျောက်ကုန်းကျေးရွာနှင့် ကူးတို့ဆိပ်ကျေးရွာတို့တွင် ဆီပိဿာချိန် (၆၆၀)ကိုလည်းကောင်း၊ ဆီလုပ်ငန်းရှင် ဦးကိုလေးမှ ပျဥ်းမနားမြို့နယ်ရှိ ဝဲကြီးကျေးရွာတွင် ဆီပိဿာချိန်(၆၆၀) ကိုလည်းကောင်း၊ ဆီလုပ်ငန်းရှင် ဦးခင်မောင်မြင့်မှ ပျဥ်းမနားမြို့နယ်ရှိ ရွှေပြည်သာကျေးရွာ၊ ကံဦးကျေးရွာ၊ သစ်စိမ့်ပင်ကျေးရွာနှင့် အာဟာရသုခဈေးရှိ စည်ပင်ဝန်ထမ်းများ အား ဆီပိဿာချိန်(၁၃၂၀)ကိုလည်းကောင်း   တစ်ပိဿာလျှင် (၅၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့‌ကြောင်း သိရှိရပါတယ်။

         ဆက်လက်၍  ၂၃-၉-၂၀၂၂ ရက်နေ့တွင် Diamond Dragon Co;Ltd မှ ဆီလုပ်ငန်းရှင် ဒေါ်နီလာထွေးဦးဆောင်၍  ဥတ္တရသီရိမြို့နယ်ရှိ ဝန်ကြီးဌာန(၃)ခုတို့တွင် ဆီပိဿာချိန်(၅၈၈) ပိဿာကိုလည်းကောင်း၊ ဆီလုပ်ငန်းရှင် ဦးပြည့်ဖြိုးအောင်မှ လယ်ဝေးမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်ရှိ အစိုးရရုံး(၂)ရုံးတို့တွင် ဆီပိဿာချိန် (၆၆၀)ကိုလည်းကောင်း၊ ဆီလုပ်ငန်းရှင် ဦးဇင်မင်းထက်မှ ဇမ္ဗူသီရိမြို့နယ်ရှိ လကတ-၂၀၃၁၊ ရတဖ-၁၀နှင့် တဲကြီးကုန်းကျေးရွာတို့တွင် ဆီပိဿာချိန်(၆၆၀) ကိုလည်းကောင်း၊ ဆီလုပ်ငန်းရှင်(၃)ဦးမှ ပုဗ္ဗသီရိမြို့နယ်ရှိ ကျေးရွာ(၅)ရွာနှင့် ဦးစီးဌာန(၃)ခုတို့တွင် ဆီပိဿာချိန်(၁၉၈၀)ကိုလည်းကောင်း၊ ဆီလုပ်ငန်းရှင် ဦးဇော်ဇော်လတ်မှ တပ်ကုန်းမြို့နယ်ရှိ အင်ပင်‌တောင်ကျေးရွာတွင် ဆီပိဿာချိန်(၆၆၀)ကို တစ်ပိဿာ (၅၀၀၀) ကျပ်နှုန်းဖြင့် စားသုံးသူပြည်သူများ လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါတယ်။

DOCA(ပြည်ထောင်စုနယ်မြေ)