ပခုက္ကူမြို့ပေါ်တွင် စက်သုံးဆီ ရောင်းချမှုအခြေအနေ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်တွင် စက်သုံးဆီဆိုင်(ပန့်ဆိုင်)များမှ စက်သုံးဆီများနေ့စဉ် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (တတိယပတ်) တွင်  လက်လီအရောင်း ဈေးနှုန်းမှာ စက်သုံးဆီ တစ်လီတာလျှင် 92 Octane ကျပ်(၃၀၁၅)၊ 95 Octane ကျပ်(၃၀၉၀)၊ ရိုးရိုးဒီဇယ် ကျပ်(၂၆၉၅)၊ ပရီမီယမ် ဒီဇယ်ကျပ်(၃၂၉၀)ဖြင့် ရောင်းချလျက်ရှိ ကြောင်း သိရှိရပါသည်။

     စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ စက်တင်ဘာလ (ဒုတိယပတ်)တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီ တစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octane ကျပ်(၃၀၄၅)၊ 95 Octane ကျပ်(၃၁၁၅)၊ ရိုးရိုးဒီဇယ်ကျပ်(၂၆၉၅)၊ ပရီမီယမ် ဒီဇယ် ကျပ်(၃၂၉၀)ဖြစ်ပြီး (ဒုတိယပတ်)နှင့်နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် တစ်လီတာလျှင် 92 Octane ကျပ်(၃၀)၊ 95 Octane ကျပ်(၂၅) အသီးသီးဈေးနှုန်းကျဆင်းခဲ့ပြီး ရိုးရိုးဒီဇယ်နှင့်ပရီမီယမ်ဒီဇယ်မှာ ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)