“မိတ္ထီလာမြို့ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်းဆိုင်များသို့ ရှောင်တခင် ဝင်ရောက်စစ်ဆေးခြင်း’’

Powered by Drupal

      မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ၊ မိတ္ထီလာမှ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှု ဖြင့် (၂၀.၉.၂၀၂၂) ရက်နေ့ (၁၀:၀၀)အချိန်တွင် မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံနှင့် အဖွဲ့သည် ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ မိတ္ထီလာမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များ သို့ စားသုံးသူ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေ‌ရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေ‌‌ရေးအတွက် ရှောင်တခင်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

      ဆေးဆိုင်များတွင် ဆေးဝါးလိုင်စင်များရှိ/မရှိနှင့် တရားမဝင် ဆေးဝါးများ၊ သက်တမ်းလွန် ဆေးဝါးများ ရောင်းချမှု ရှိ/မရှိ ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ၊ ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်တင်သွင်းသည့် ကုမ္ပဏီ၊ ဆေးဝါးမှတ်ပုံတင်အမှတ်နှင့် Import Registeration No(IR)များ ဖော်ပြထားခြင်းမရှိပဲ စျေးကွက်အတွင်း ရောင်းချနေခြင်းများရှိ/ မရှိ မြန်မာနိုင်ငံတွင် မှတ်ပုံထားခြင်း မရှိပဲ Online ပေါ်တွင် သုံးစွဲရန်မသင့်ထုတ်ပြန်ထားသော စားသုံးသူများ သုံးစွဲမိပါက ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် တိုင်းရင်းဆေးသည် ရောင်းချခြင်း မရှိစေရေး ကွင်းဆင်းစစ်ဆေးမှုများ ‌ဆောင်ရွက်ခဲ့ပါသည်။ ဆေးအရောင်းဆိုင်ပိုင်ရှင်များအနေဖြင့် Up Date ဖြစ်သောဆေးများ ၊ ကုန်အညွှန်းအမှတ်အသားနှင့်ပြည့်စုံသော ကုန်ပစ္စည်းများနှင့် တရားဝင်မှတ်ပုံ တင်ထားသော ဆေးဝါးများကိုသာ ဆိုင်တင်ရောင်းချရန် အသိပညာပေးခဲ့ပါသည်။

DOCA(မန္တလေး)