
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ ကုန်စည်ဒိုင်များသို့ မော်လမြိုင်ဘက်မှ ဟင်းသီး ဟင်းရွက်များ အပြိုင်အဆိုင်ဝင်ရောက်လာပြီဖြစ်ပါသည်။ ရန်ကုန်-ထားဝယ်ကားလမ်းပိတ်သည့် ကာလ တစ်လျှောက် ဟင်းသီးဟင်းရွက်များ အဆမတန်ဈေးတက်ပြီး ယခုတွင်မူ ငရုတ်သီးအပါအဝင် ဟင်းသီး ဟင်းရွက်တော်တော်များများအရင်အပတ်ကထက် သိသိသာသာဈေးကျလာကြောင်း၊ ထားဝယ်စည်ပင် သာယာဈေးကြီးအတွင်း၌ ငရုတ်သီးတစ်ဘူးလျှင် (၁၅၀၀-၂၀၀၀)ကျပ်အသီးသီးရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)