အုတ်ဖိုမြို့နယ်၌ဈေးကွက်ကွင်းဆင်း

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ် တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် အုတ်ဖိုမြို့နယ် ဆီကုန်သည်ကြီးများအသင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များပါဝင်သော အဖွဲ့ဖြင့်ပူးပေါင်း၍ မြို့မဈေးကြီးနှင့် ကုန်စုံရောင်းချ သောဆိုင်များတွင် စားအုန်းဆီများ ဖြန့်ဖြူးရောင်းချနေမှုအား ရှောင်တခင်ကွင်းဆင်းစစ်ဆေးမှု ဆောင်ရွက်ခဲ့ကြပါသည်။

          စားအုန်းဆီများအား ရည်ညွှန်းသတ်မှတ်နှုန်းများအတိုင်း ဗွီနိုင်းများချိတ်၍ ရောင်းချလျက်ရှိ ကြောင်း၊စာအုပ်ခွဲတမ်းများအတိုင်း အပြည့်အဝရောင်းချခြင်း စစ်ဆေးတွေ့ရှိပါသည်။ထို့နောက်မြို့ နယ်အတွင်းရှိ အိမ်ဆောက်ပစ္စည်းရောင်းချလျက်ရှိသော ဆိုင်များအား ကွင်းဆင်းစစ်ဆေးပြီး သံ၊ သွပ်၊ဘိလပ်မြေ၊သံဇကာများ၏ ဈေးနှုန်း၊ဈေးကွက်များ၊ပစ္စည်းရရှိမှု အခြေအနေများအား သိရှိရန် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

DOCA(ပဲခူး)