
တောင်ငူခရိုင်၊ ဖြူးမြို့နယ် ရေသျှံကြီးနှင့် ဝဲဒေါင့်အခြေခံပညာ မူလတန်းလွန် ကျောင်းတို့မှ ကျောင်းသား /ကျောင်သူများအား သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ စားသုံးသူ ရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူပေါင်း၍ အသိပညာပေးဟောပြောပွဲကို (၁၀.၉.၂၀၂၅) ရက်နေ့ နံနက်(၉)နာရီ အချိန်ခန့် တွင်ဖြူးမြို့နယ် ရေသျှံကြီးအခြေခံမူလတန်းလွန်ကျောင်းနှင့် နေ့လည်(၁)နာရီအချိန်တွင် ဝဲဒေါင့် အခြေခံမူလတန်းလွန်ကျောင်းတို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဟောပြောပွဲသို့ ရေသျှံကြီးအခြေခံ မူလတန်းလွန်ကျောင်းမှကျောင်းသား/ကျောင်းသူ (၅၀) ဦးနှင့် ဝဲဒေါင့်အခြေခံမူလတန်းလွန် ကျောင်းမှ ကျောင်းသား/ကျောင်းသူ (၁၀၀) ဦး တက်ရောက်ခဲ့ကြောင်းလည်းသိရပါသည်။
ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်မှ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုး၊ ဒု-ဦးစီးမှူးက စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်များ၏ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့်ဖော်ပြရန် ဥပဒေတွင် ပြဌာန်းထားပြီးဖြစ်ရာ ကျောင်းသား/ကျောင်းသူများအနေဖြင့် မုန့်များနှင့် အချိုရည်များဝယ်ယူ စားသောက်ရာတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားသည့် မုန့်နှင့်အချိုရည် များကိုသာ ဝယ်ယူစားသောက်သင့်ပုံများကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ထိုဟောပြောပွဲ၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းက ကလေးအလုပ်သမားပပျောက်ရေးအကြောင်း သိကြောင်းစရာများကို လည်းကောင်း၊ ကျောင်းသား/ကျောင်းသူ များအား ပန်းချီးကားချပ်ပုံပြင်များ၊ စာအုပ်ဖက်ခြင်းများ ပြုလုပ်ခဲ့ပြီး၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးနှင့် ဝန်ထမ်းများသည် ကျောင်းမုန့်ဈေးတန်းများ သို့လည်း သွားရောက်စစ်ဆေးခဲ့ကြောင်းလည်းသိရသည်။
DOCA(ပဲခူး)