ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တာဝန်ခံရုံးတွင် ရုံးတွင်းရုံးပြင် သန့်ရှင်းရေးပြုလုပ်

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်တာဝန်ခံရုံးတွင် ရုံးတွင်း အင်္ဂါရပ်များနှင့် ပြည်စုံပြီး သာယာလှပစေရန် ရည်ရွယ်၍ ၁၂.၉.၂၀၂၅ ရက်နေ့၌ ရုံးတွင်းရုံးပြင် သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

     ဒိုက်ဦးမြို့နယ်တာဝန်ခံရုံးသည် ဒိုက်ဦးမြို့ (မြန်မာ့မီးရထား) ဘူတာရုံ၏ အဝင်ပေါက် လမ်းတွင် တည်ရှိပြီး အချက်အချာကြကာ လမ်းသွား၊ လမ်းလာများပြားသော နေရာတစ်ခု ဖြစ်ပါသည်။ ထို့ကြောင့် အများပြည်သူ သွားလာလှုပ်ရှားနေသော လမ်းလေးဆုံ/ လမ်းခွနေရာတွင် တည်ရှိနေသောကြောင့် ရုံးအင်္ဂါရပ်များနှင့် ညီညွတ်ပြည့်စုံစေရန် ဒိုက်ဦးမြို့နယ်တာဝန်ခံ ဦးကျော်သက်မိုးနှင့် အငယ်တန်းစာရေး ဦးခွန်ကျော်ဝင်းထွန်းတို့သည် ၁၂.၉.၂၀၂၅ ရက်နေ့၌ ဒိုက်ဦးမြို့နယ်တာဝန်ခံရုံးအား ရုံးတွင်းရုံးပြင်သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါ သည်။

DOCA(ပဲခူး)