
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် အခါအား လျော်စွာ အပတ်စဉ် ကြာသပတေးနေ့တိုင်း Thursday Talk အစီအစဉ်ကို ကျင်းပလျက်ရှိရာ ၁၁.၉. ၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးမှူး ဒေါ်နှင်းနှင်းရီသည် “ ငွေစာရင်းဌာနခွဲ၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းဆွေးနွေးခြင်း ” ခေါင်းစဉ်ဖြင့် Online(Zoom Meeting)မှ အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
Thursday Talk ဟောပြောပွဲကို ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ဒုတိယတိုင်းဒေသကြီးဦးစီး မှူးမှ ဦးဆောင်၍ ကျင်းပလျက်ရှိရာ ၁၁.၉.၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး အလှည့်သို့ တစ်ဖန် ပြန်လည်ကျရောက်လာပါသည်။ ထိုကြောင့် ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ငွေစာရင်းဌာနခွဲမှ ဒေါ်နှင်းနှင်းရီ (ဦးစီးမှူး)သည် “ ငွေစာရင်းဌာနခွဲ၏ လုပ်ငန်းဆောင်ရွက်ချက်များ အား ရှင်းလင်းဆွေးနွေးခြင်း ” ခေါင်းစဉ်ဖြင့် ငွေစာရင်းဌာနခွဲ၏ တစ်လတာ၊ တစ်နှစ်တာ လုပ်ငန်း ဆောင်တာများအကြောင်း၊ ဌာနတစ်ခု၊ အဖွဲ့အစည်းတစ်ခု အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ရန် ငွေစာရင်းဌာနခွဲအနေဖြင့် ထိန်းကျောင်းဆောင်ရွက်ပေးရကြောင်း၊ စေ့စပ်သေချာစွာ လုပ်ဆောင်ရ ကြောင်း ဌာနမှဝန်ထမ်းများကို ရှင်းလင်းဆွေးနွေးခဲ့ရာ ဌာနခွဲတာဝန်ခံများကလည်း အပြန်အလှန် မေးခွန်းများ မေးမြန်းဆွေးနွေးခဲ့သည်ဟု သတင်းရရှိပါသည်။
DOCA(ပဲခူး)