
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ဦးစီးအရာရှိ ဒေါ်ကြည်ကြည်စိုးနှင့် ဝန်ထမ်းများသည် (၁၅.၉.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၄)၊ အခြေခံပညာအထက်တန်း ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာ ပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ဆရာ/ဆရာမ(၇)ဦး နှင့် ကျောင်းသား/ကျောင်းသူ(၈၇)ဦး၊ စုစုပေါင်း (၉၄)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် ဦးစီးအရာရှိ ဒေါ်ကြည်ကြည်စိုးက စားသုံးသူရေးရာဦးစီးဌာန၏ သမိုင်းကြောင်း၊ ဌာနဖြစ်ပေါ်လာပုံအဆင့်ဆင့်၊ ဌာနမှ ဆောင်ရွက်နေသည့်လုပ်ငန်းများအကြောင်း၊ ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့် စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များအကြောင်း အားလည်းကောင်း၊ ဒု-ဦးစီးမှူး ဒေါ်ပပရွှေက စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈)ပါ ကုန်စည် များတွင် ဖော်ပြရမည့်ကုန်အညွှန်း အမှတ်အသားများအကြောင်းနှင့် Online လုပ်ငန်းမှတ်ပုံတင်ခြင်း ဆိုင်ရာ အကြောင်းအားလည်းကောင်း၊ အကြီးတန်းစာရေး ဒေါ်ခိုင်ဇင်ကျော်က စားသုံးသူအခွင့် အရေးများကို သိရှိနားလည်ပြီး နစ်နာဆုံးရှုံးမှုရှိခဲ့လျှင် တိုင်ကြားနိုင်ရန်၊ တိုင်ကြား နိုင်သည့် လူပုဂ္ဂိုလ်များ၊ နေရာနှင့်နည်းလမ်းများ အကြောင်းအားလည်းကောင်း အသေးစိတ်ရှင်းလင်းဆွေးနွေး ခဲ့ပြီး စားသုံးသူကာကွယ်ရေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)