
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများကို မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊ မြေပြင် လုပ်ငန်းနှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/မရှိတို့ကို ကြိုးစားပမ်းစား ဆောင်ရွက်လျက်ရှိရာ ၃.၉.၂၀၂၅ ရက်နေ့၌ ညောင်လေးပင်မြို့ရှိ အွန်လိုင်းလုပ်ငန်းတစ်ခုအား သွားရောက်စစ်ဆေးခဲ့ ကြောင်း သိရှိရပါသည်။
ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးရဲမင်းထွဋ်နှင့် အငယ်တန်းစာရေး ဒေါ်ဝါဝါအာင်တို့သည် အမှတ် (၆၂)၊ ဘုရားကြီးလမ်း၊ မြို့မ (၂) ရပ်ကွက်၊ ညောင်လေးပင်မြို့ရှိ “မိုးနတ်မယ်” အွန်လိုင်းအမည်ဖြင့် အထည်လက်ကားဖြန့်ချိရေးကို မှတ်ပုံတင်ထားရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ စစ်ဆေးရာတွင် ခရိုင်ဦးစီးမှူးက လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထား သည့်လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ် တည်ရှိရမည်ဖြစ်ကြောင်း၊ ရောင်းချရန်တင်ပြထားသော ကုန်ပစ္စည်း(သို့)ဝန်ဆောင်မှုအမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ်ရောင်းချရန်၊ လျှောက်လွှာတွင် ဖြည့်သွင်းထားသည်များနှင့် မကိုက်ညီလျှင် စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းတို့ကို အကျယ်တဝင့် ဟောပြောရှင်းပြခဲ့ကြောင်း သတင်းရရှိပါသည်။ “မိုးနတ်မယ်” အထည်လက်ကားဖြန့်ချိရေးသည် အထည်အလိပ်၊ အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်း များကို အွန်လိုင်းမှတစ်ဆင့် ဖြန့်ချိရောင်းချမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)