
စက်တင်ဘာလ ၁၅ ရက်( တနင်္လာနေ့ ) နံနက် ၉:၃၀ အချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ပဲခူးတိုင်းဒေသကြီးအတွင်း ဆန်စပါးဈေးနှုန်း၊ ဈေးကွက်ဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ဦးစွာပထမ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှမကြာမီကာလတွင် ၂၀၂၅ ခုနှစ်ထွက် မိုးစပါးများ ထွက်ရှိလာတော့မည်ဖြစ်ပြီး စပါးဝယ်ယူ သိုလှောင်ကြိတ်ခွဲရောင်းချသည့် လုပ်ငန်းများ မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး ဒေသတစ်ခုမှဒေသတစ်ခုသို့ ဆန်စပါး သယ်ယူပို့ဆောင်ရာတွင် မလိုလားအပ်သော အဟန့်အတားများ၊ ကြန့်ကြာမှုများ မဖြစ်ပေါ်စေရေး တို့အတွက် ပဲခူးတိုင်းဒေသကြီးဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ စိစစ်မှုဖြင့် ထိန်းကျောင်း ဆောင်ရွက်ရန်မှာကြားခဲ့ပါသည်။ အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ မြန်မာနိုင်ငံ ဆန်စပါးအသင်း ချုပ်၊ မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်အသင်းတို့မှ တာဝန်ရှိသူများ၊ ပဲခူးတိုင်းဒေသကြီး ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ နှင့်သက်ဆိုင်ရာဌာနများ မှတာဝန်ရှိသူများ၊ ပဲခူးတိုင်းဒေသကြီး ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်စပါးကုန်သည်လုပ်ငန်းရှင်များ စုစုပေါင်း(၅၄)ဦး တက်ရောက်ခဲ့ပါသည်။
DOCA(ပဲခူး)