
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ဂန့်ဂေါမြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဇာဇာချိုဦးနှင့်ဝန်ထမ်းဦးသည် (၁၀.၉. ၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် ဂန့်ဂေါမြို့ မြောက်ကုန်းရပ်ကွက် အခြေခံပညာအလယ်တန်း ကျောင်း၌ ဆရာ၊ ဆရာမ(၁၁)ဦး၊ ကျောင်းသား၊ ကျောင်းသူ(၃၀၅)ဦး၊ စုစုပေါင်း (၃၁၆)ဦးတို့အား စားသုံးသူ ကာကွယ် ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာ သိကောင်းစရာများ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ အသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးများ ဖြစ် ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ စားသုံးသူရေးရာ ကိစ္စ များ စုံစမ်းမေးမြန်းရန်အတွက် Consumer Call Center (၁၅၃၅)အား ဖွင့်လှစ်ထားရှိပြီး ကုန်စည်၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်းပြီး မည်သည့် ဖုန်းဖြင့်မဆို ခေါ်ဆိုပြီးမေးမြန်းဆွေးနွေးနိုင်ကြောင်း အသိပညာပေးပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)