စီးပွားရေးလုပ်ငန်းရှင်များသိရှိဖို့ သွားရောက်တွေ့ဆုံအသိပညာပေးဆွေးနွေးစို့

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့်  ဝန်ထမ်းများ သည် (၁၁.၉.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြဌာန်းချက်များအား လိုက်နာဆောင်ရွက်ခြင်းဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး မိမိတို့လုပ်ငန်းများ ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိပြီး အကျိုးစီးပွားအောင်မြင် ဖြစ်ထွန်း စေရန်ရည်ရွယ်၍ ဒေသတွင်း စားသောက်ကုန် ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော လုပ်ငန်းရှင်များထံသို့ သွားရောက်၍ အသိပညာပေးဆွေး နွေးခဲ့ပါသည်။

          စားသုံးသူရေးရာဌာနခွဲတာဝန်ခံမှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်ပါ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ထည့် သွင်းဖော်ပြရမည့် အချက်အလက်များ၊ လုပ်ငန်းရှင်များမှလည်း မိမိတို့ ထုတ်လုပ်သောကုန်စည် အမျိုးအစားအလိုက် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ် အသားဖော်ပြချက်များနှင့် ကိုက်ညီသည့် ကုန်စည်များကို စားသုံးသူရေးရာဦးစီးဌာန၏ စိစစ်ခွင့်ပြုချက် ရရှိရန် လျှောက်ထားနိုင်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်သော ကိတ်မုန့်၊ ပေါင်မုန့်၊ နံကင်းမုန့်များတွင် သက်ဆိုင်ရာအစိုးရဌာနများက ထောက်ခံချက်မရှိသော ပွဆေး၊ မွဆေး များအား အလွန်အကျွံမသုံးစွဲစေလိုကြောင်း၊ သန့်ရှင်းလတ်ဆတ်သော ကုန်ကြမ်းပစ္စည်းများကိုသာ အသုံးပြုစေလိုကြောင်း၊ နစ်နာဆုံးရှုံးမှုဖြစ်ပွားစေသည့် ကုန်စည်ကို တိုက်ရိုက်ရောင်းချခြင်း(သို့) သွယ်ဝိုက် ရောင်းချခြင်းကို ရှောင်ကြဉ်ရန်နှင့် အာမခံပေးထားသည့်အတိုင်း တာဝန်ယူဆောင်ရွက် ပေးရန် စသည့်အချက်များမှာ မိမိတို့၏ တာဝန်များဖြစ်သောကြောင့် တိကျစွာ လိုက်နာဆောင်ရွက်စေလို ကြောင်း၊ စီးပွားရေးကျင့်ဝတ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် ဈေးကွက်များပိုမိုရရှိလာ နိုင်ကြောင်း၊ မိမိတို့ဌာနမှ စစ်ဆေးရေးအရာရှိများမှလည်း ဈေးကွက်စောင့်ကြည့် စစ်ဆေးပေး လျက်ရှိပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော ထုတ်ကုန်များအား စားသုံးသူ ကာကွယ်ရေး ဥပဒေအရ ဈေးကွက်အတွင်းမှ လျော့နည်းပပျောက်အောင် ဖယ်ရှားသွားမည်ဖြစ်ကြောင်း ဆွေးနွေး ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(မကွေး)