ဆိပ်ဖြူကြက်သွန်နီ စက်တင်ဘာလ(တတိယ)ပတ် ဈေးနှုန်းဈေးကွက်နှင့် ကုန်စည်စီးဆင်းမှုအခြေအနေ

Powered by Drupal

      ဆိပ်ဖြူမြို့ ကြက်သွန်နီ အရောင်းအဝယ်ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်သို့ စက်တင်ဘာလ (တတိယ)ပတ်အတွင်း ကြက်သွန်နီပင်စိုက်အသစ်များ ဆိပ်ဖြူမြို့နယ်ဒေသတွင်း နေရာအနှံအပြား မှ နေ့စဉ်ဝင်ရောက်ပြီး တစ်ရက်လျှင်ပျမ်းမျှ ကြက်သွန်နီ ကုန်ချိန်ပိဿာ(၂)သောင်းခန့်၊ (၁)ပတ် အတွင်း စုစုပေါင်းပိဿာ(၁)သိန်းခွဲခန့် ကုန်စည်ဒိုင်သို့ ဝင်ရောက်လျှက်ရှိပြီး မြို့ပေါ်ရှိ ကြက်သွန် ကုန်သည် သိုလှောင်ရုံများတွင် ကြက်သွန်နီပိဿာပျမ်းမျှ (၁)ပတ်အတွင်း ကုန်ချိန်(၂)သိန်းခွဲခန့် ဝင်ရောက် အရောင်းအဝယ်ဖြစ်ကြောင်း၊ စက်တင်ဘာလ (၁၅)ရက်မှ (၂၁)ရက်ထိ (၁)ပတ်အတွင်း ကုန်စည်ဒိုင်နှင့် သိုလှောင်ရုံများ အရောင်းအဝယ်ဖြစ်မှု စုစုပေါင်းမှာ ကြက်သွန်နီပိဿာ(၄)သိန်းခန့် ရှိကြောင်း မြို့ပေါ်ရှိ ကုန်စည်ဒိုင်အသင်းဝင် ကုန်သည်ပွဲစား(၁)ဦးထံမှ သိရှိရသည်။
    ဈေးနှုန်းဈေးကွက်အနေဖြင့် စက်တင်ဘာလ(တတိယ)ပတ်အတွင်း ကြက်သွန်နီ(၁)ပိဿာ ထိပ်စ အမြင့်ဆုံးဈေးနှုန်းမှာ (၃၁၀၀ကျပ် မှ ၂၈၀၀ကျပ် ထိ)ဈေးနှုန်းဖြစ်ခဲ့ပြီး အနိမ့်စ အမြင့်ဆုံး ဈေးနှုန်းမှာ (၂၇၅၀ကျပ် မှ ၂၂၅၀ကျပ် ထိ) ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ သီးနှံ အရည်အသွေးများမတူညီခြင်းကြောင့် ဈေးနှုန်းများ ကွာခြားကြောင်း၊ ယခင်(၁)ပတ် ကြက်သွန်နီ အမြင့်ဆုံး ဈေးနှုန်းမှာ (၃၁၅၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခု(၁)ပတ် အမြင့်ဆုံး ဈေးနှုန်းမှာ (၃၁၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်၍  ယခင်(၁)ပတ်ထက် (၅၀)ကျပ်ခန့် ဈေးနှုန်း ကျဆင်းသွားကြောင်း၊ အနိမ့်စအမြင့်ဆုံး ဈေးနှုန်းမှာ ယခင်(၁)ပတ်က (၂၇၅၀)ကျပ်၊ ယခု (၁)ပတ် (၂၆၀၀)ကျပ် ဈေးနှုန်းဖြစ်၍ (၁၅၀)ကျပ်ခန့် ဈေးနှုန်း ကျဆင်းသွားကြောင်း၊ ပြည်တွင်း ဖြန့်ဖြူးမှုသာမက မြဝတီမြို့ ဝယ်လက်များမှတစ်ဆင့် ပြည်ပထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ လာအိုနိုင်ငံ များသို့ တင်ပို့ဖြန့်ဖြူးလျက်ရှိကြောင်း၊ စက်တင်ဘာလ (တတိယ)ပတ်အတွင်း ကြက်သွန်နီများကို ပြည်ပဝယ်လက် မြဝတီမြို့သို့ ကုန်ချိန်အများဆုံး တင်ပို့လျက်ရှိကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှ သိရှိရသည်။
    ဆိပ်ဖြူမြို့တွင် ကြက်သွန်နီအသစ်(၁)ပိဿာလျှင် လက်လီဈေးနှုန်းအနေဖြင့် ထိပ်စ(ရှယ်) ကျပ်(၃၄၀၀/၃၃၀၀)၊ လတ်(ကြီး) ကျပ်(၃၂၀၀/၃၁၀၀)၊ လတ်(သေး)ကျပ်(၃၀၀၀/၂၉၀၀)ဈေးနှုန်း များဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကုန်စည်စီးဆင်းမှုအနေဖြင့် စက်တင်ဘာလ (တတိယ)ပတ်အတွင်း ဆိပ်ဖြူမြို့မှ ရန်ကုန် ဘုရင့်နောင်ပွဲရုံသို့(၇)စီး၊ ပြည်မြို့(၉)စီး၊ ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့(၉)စီး၊ မော်လမြိုင်မြို့(၇)စီး၊ မြဝတီမြို့(၁၄)စီး စုစုပေါင်း(၄၆)စီးခန့် နေ့စဉ် (၆/၁၂/၂၄)ဘီး မော်တော်ယာဉ်များဖြင့် ကြက်သွန်နီပျမ်းမျှပိဿာ(၄)သိန်း၊ တန်ချိန်(၂)သောင်းခွဲခန့် ကုန်စည်စီးဆင်း ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)