
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ အောင်ချမ်းသာရပ်ကွက် အ.ထ.က(၅)ကျောင်းတွင် သန့်ရှင်း သာယာလှပစေရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများအပတ်စဥ် စနေနေ့တိုင်းစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို စက်တင်ဘာလ ၁၃ ရက် နေ့နံနက် (၈း၀၀)နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် နှင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာညွှန်ကြားရေးမှူးများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ စားသုံးသူရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ ခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဆရာ/ဆရာမများကမုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက် အ.ထ.က(၅)ကျောင်းဝင်း အတွင်း သစ်ကိုင်းသစ်ခက်များ ခုတ်ထွင်ရှင်းလင်းခြင်း အမှိုက်များရှင်းလင်း ခြင်းတို့ကို စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြပြီး သန့်ရှင်းရေးပြုလုပ်သည့် ဝန်ထမ်းများအား သက်သာသော ဈေးနှုန်းဖြင့် ဆန်/ဆီနှင့် ဟင်းသီးဟင်းရွက်စုံများ ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)