
ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်တွင် ၊ အပိုဝင်ငွေရရှိရန်အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို လုပ်ကိုင်ကြရာမှ သစ်ပင်ပန်းပင်အမျိုးမျိုးကို အပင်ပေါက်ရော အပွင့်ပါ ရောင်းချရန် တစ်နိုင် တစ်ပိုင် စိုက်ပျိုးလာကြသည်။
စိတ်ရွှင်လန်းပင်များကို အလှပန်းအိုများဖြင့် စိုက်ပျိုးကြသလို မြေကျင်းတူးဖွဲ့၍ မြေအောက် ရေတင်စနစ်ဖြင့် စိုက်ပျိုးလျက်ရှိကြောင်း၊ စိတ်ရွှင်လန်းပင်သည် အရွက်များစိမ်းစိုလန်းဆန်းပြီး မျက်စိအမြင် အေးချမ်းစေသလို စိတ်ကိုလဲတကယ်ကြည်လင်လန်းဆန်းပြီး ရွှင်လန်းစေသော အပင်တစ်မျိုးဖြစ်ပါသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ် ကျွန်းလှမြို့၏ ရောင်းချနေသော စိတ်ရွှင်လန်းပျိုးပင် ဈေးနှုန်းများမှာ အကြီး တစ်ပေခွဲဆိုက် တစ်ပင်လျှင်(၃၀၀၀၀)ကျပ်၊ ပျိုးပင် အသေး တစ်ပေဆိုက် တစ်ပင်လျှင်(၁၅၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိ ကြောင်း ပန်းဥယာဉ်စိုက်ပျိုး ရောင်းချသူ ထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)