ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

Powered by Drupal

      ၂၀၂၅ခုနှစ်၊စက်တင်ဘာလ ၁၅ ရက်နေ့၊ ၁၁း၀၀နာရီအချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်၊ ရေးလမ်းရှိ ဟိုင်း‌ဝေးကားဂိတ်ယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဥ်မှုဖြင့် Kaung Hlyan New Asia Co,Ltd နှင့် Yadanarbon Global Network Distribution Co,Ltd တို့မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၂၆) ပေပါကို ယာဥ်မောင်း ဦး‌ဌေးဟန်၊ ယာဉ်အမှတ် 1I-6178 / Fuso မော်တော်ယာဉ်၊ စားအုန်းဆီ (၁၀၀) ပေပါကို ယာဉ်မောင်း ဦးမျိုးမင်းဦး၊ ယာဉ်အမှတ် 7F-3017/ Nissan မော်တော်ယာဉ်နှင့် စားအုန်းဆီ (၁၀၀) ပေပါကို ယာဉ်မောင်း ဦးမြင့်ဇော်သန်း၊ ယာဉ်အမှတ် 7F-3777/ Nissan မော်တော်ယာဉ်တို့ဖြင့် တင်ဆောင်၍ အသီးသီးရောက်ရှိလာရာ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးဦးနှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြောင်း၊ ယင်းသို့ရောက်ရှိလာသော စားအုန်းဆီ စုစုပေါင်း (၂၂၆) ပေပါအား ကုမ္ပဏီ၏ လက်ကားအ​ရောင်းကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ်မြို့၊ အိုးလုပ်ရပ် ကွက်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင် ကုန်စုံဆိုင်အပါအဝင် လက်လီဆိုင် ၁၅ ဆိုင်မှတစ်ဆင့် သတ်မှတ်ရည်ညွှန်းစျေးအတိုင်း စားသုံးသူ များအား ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)