သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်း ဆောင်ရွက်

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်တွင် သွေးလွန်တုပ်ကွေး ရောဂါမဖြစ်စေရေး၊ ပိုးလောက်လမ်းများ ပေါက်ပွားမှုမရှိစေရေး အတွက် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ပညာပေးခြင်းများ ဆောင်ရွက်လျက် ရှိရာ  ဇူလိုင်လ  ၁၉  ရက်  နံနက်ပိုင်းတွင် ကျိုက်လတ်မြို့နယ်ရှိ ရပ်ကွက်များ၌  ဆောင်ရွက်ကြောင်း သိရသည်။

          ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် တာဝန်ရှိသူများ ဦးဆောင် သော အသင်းအဖွဲ့များက အမှတ်(၃) ရပ်ကွက်အတွင်းရှိ နေအိမ်များတွင် မိုးကြိုကာလ သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ခြင်များ အလွယ်တကူ ပေါက်ပွားနိုင်သည့် ရေတွင်း၊ ရေကန်များ၊ ဘုရားပန်းအိုးများ၊ ရေစည်၊ ရေပုံးများတွင် ပိုးလောက်လမ်းများ ပေါက်ပွား မှုမရှိစေရေးအတွက် အဘိတ်ဆေးခတ်ခြင်း ဆောင်ရွက်ကြသည်။

          ထို့နောက်   တာယာခွံများ၊ ရေဘူးများတွင် ပိုးလောက်လမ်းများ ပေါက်ပွားမှုမရှိစေရေး အတွက် အဘိတ်ဆေးခတ်ခြင်း၊  ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းလုပ်ငန်းများနှင့် ပညာပေး လုပ်ငန်းများကို ဆောင်ရွက်ကြသည်။ သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ကျန်ရှိသည့် အခြေခံပညာကျောင်းများနှင့် ရပ်ကွက်၊ ကျေးရွာတို့တွင်လည်း ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

DOCA (ဧရာဝတီ)