ကျိုက်လတ်မြို့နယ်တွင် အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိ

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၁၇.၉.၂၀၂၅) နံနက် (၇:၀၀) နာရီအချိန်တွင် ကျိုက်လတ်မြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီမှ အမှတ်(၃) ရပ်ကွက်၊ (၇) လမ်းရှိ ဒေသခံပြည်သူများသို့ အခြေခံ စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် အခြေခံစားသောက်ကုန်များ ဖြစ်သည့် ဆန်တစ်ပြည် (၂၅၀၀) ကျပ်၊ ကြက်ဥ တစ်လုံးလျှင် (၃၇၀) ကျပ်၊ စားသုံးဆီတစ်ပိဿာလျှင် (၇၂၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၂၄၈၀၀) ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)