ကျိုက်လတ်မြို့၊ မြို့မဈေးအတွင်းရှိ ပြန်လည်ပြုပြင်ထုပ်ပိုးရောင်းချနေသော နနွင်းမှုန့်၊ ငြုပ်သီးမှုန့် ထုပ်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစိစစ်

Powered by Drupal

    ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် စည်ပင် သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၁၇) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် မြို့မဈေးအတွင်းရှိ ပြန်လည်ပြုပြင်ထုပ်ပိုးရောင်းချနေသော နနွင်းမှုန့်၊ ငြုပ်သီးမှုန့်ထုပ်များ တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

          အဆိုပါကွင်းဆင်းစိစစ်မှုတွင် ပြန်လည်ပြုပြင်ထုပ်ပိုးရောင်းချနေသော ဆင်ဖြူတော်နနွင်းမှုန့်၊ ငြုပ်သီးမှုန့်ထုပ်များတွင် စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈) ပုဒ်မ (၄၁) အရ ထုပ်ပိုးပြီး ကုန်စည်ပေါ်တွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ စစ်ဆေးခဲ့ရာ ရောင်းချနေသော ပြုပြင်ထုပ်ပိုး အထုပ်များတွင် ပြည့်စုံစွာ ဖော်ပြထားသည်ကို ကွင်းဆင်း စိစစ်ခဲ့မှုအရ သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)