ဈေးအနည်းငယ်ကျဆင်းလျက်ရှိသော မယ်ဇလီဖူးပြုတ်

Powered by Drupal

    ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် မိုးဦးရာသီ နှင့် တန်ဆောင်မုန်းလပြည့်နေ့များတွင် ဆေးဘက် ဝင်သည်ဟု အဆိုရှိ၍ အများဆုံးစားသုံးလေ့ရှိသော မယ်ဇလီဖူးများကို ပြုတ်၍ ဈေးထဲတွင် ရောင်းချ လျက်ရှိကြောင်း သိရသည်။

     စက်တင်ဘာလ တတိယပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရောင်းချ နေသော မယ်ဇလီဖူး ပြုတ် ဈေးနှုန်းအနေဖြင့်  မယ်ဇလီဖူးပြုတ် တစ်ပြည်လျှင်(၂၈၀၀)ကျပ်၊ နို့ဆီဘူး (၄)ဘူးလျှင် (၁၄၀၀)ကျပ်၊ နို့ဆီဘူး တစ်ဘူးလျှင်(၃၅၀)ကျပ်၊ ငွေကျပ်(၁၀၀၀)ဖိုး(၃)ဘူး  ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိသောကြောင့် ယခင်အပတ်ထက် မယ်ဇလီဖူး တစ်ပြည်လျှင်(၂၀၀)ကျပ်လျော့နည်းပြီး အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)