
ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေး အရာရှိ ဦးမိုးမင်းသန်းနှင့် ဝန်ထမ်းတို့သည် ကျန်းမာရေးဦးစီးဌာနဦးဆောင်မှုဖြင့် စည်ပင်သာယာရေး အဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့ ဖြင့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျိုက်လတ်မြို့ပေါ်ရှိ ဆေးဆိုင်များတွင် ရောင်းချနေသော ဆေးဆိုင်များသို့ ဆေးဈေးနှုန်း၊ ဈေးကွက် အခြေအနေများအား ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင် ကွင်းဆင်းစိစစ်ခြင်းကိုဆောင်ရွက်ခဲ့ပါသည်။
အဆိုပါကွင်းဆင်းစိစစ်ရာတွင် သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုရှိ/မရှိ ၊ FDA ထောက်ခံ ချက်ပါဝင်မှုရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ပါဝင်မှုရှိ/မရှိ ၊ ဆေးဈေးနှုန်းများ မြှင့်တင် ရောင်းချမှုရှိ/မရှိ အခြေအနေတို့အား သက်ဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် လိုက်လံစစ်ဆေးခဲ့ရာ သတ်မှတ်ချက်များနှင့်အညီ ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိပါကြောင်း ကွင်းဆင်းစိစစ်ခဲ့မှုအရ သတင်း ရရှိပါသည်။
DOCA(ဧရာဝတီ)