ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ဂွေးသီး၊ သီးသီး  နှင့် စောင်းလျှားသီး ဈေးနှုန်း

Powered by Drupal

    ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ နှစ်ရှည်သီးနှံပင်ဖြစ်သည့် သရက်သီးပင်၊ နဂါးမောက်သီးပင်၊ ပိန္နဲသီးပင်၊ သီးသီးပင်၊ ဂွေးသီးပင်၊ စောင်းလျှားသီးပင်၊ မန်ကျည်းသီးပင်၊ အုန်းသီးပင် နှင့် မာလကာသီးပင်များ ကိုလည်းစိုက်ပျိုးကြသည့်အနက် ဂွေးသီးပင်၊ သီးသီးပင် နှင့် စောင်းလျှားသီးပင်များ ကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ဂွေးသီး  ဈေးနှုန်း အနေဖြင့် ဂွေးသီး အကြီး တစ်လုံးလျှင်(၅၀)ကျပ်၊ (၁၁)လုံးလျှင် (၅၀၀)ကျပ်၊ သီးသီးဈေးနှုန်းများမှာ သီးသီး အကြီး တစ်လုံးလျှင်(၁၀၀)ကျပ်၊ (၃)လုံး(၂၀၀)ကျပ်ဖြင့်လည်းကောင်း အလားတူပင် စောင်းလျှားသီး အကြီး တစ်လုံးလျှင်(၅၀)ကျပ်၊ (၅)လုံး(၂၀၀)ကျပ်၊ ဂွေးသီး၊ သီးသီး နှင့် စောင်းလျှားသီးများကို ကျောင်းမုန့်ဈေးဆိုင်တန်းမှ ဈေးသည်များ၊ အချဉ်ပေါင်းသည်များ နှင့် ရပ်ကွက်ဈေးတန်းများတွင် ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)