ပန်းတနော်မြို့နယ်တွင် ရောင်းချနေသော အရသာဟင်းခတ်မှုန်နှင့် ခရုဆီ၊ တရုတ်ငံပြာရည် ၊ လျာလကာရည် အသင့်ခတ် အသုံးပြုသော ကုန်စည်များအား ကုန်အညွှန်း စစ်ဆေး

Powered by Drupal

   ဈေးကွက်အတွင်း ကုန်စည်များ ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများက လစဉ် ဦးစားပေးကုန်စည် ၁၀မျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။ ၁၅-၉-၂၀၂၅ ရက်နေ့ နေလည် ၁နာရီအချိန်က ပန်းတနော်မြို့နယ်ရှိ ကုန်စုံဆိုင် ၅ဆိုင်တွင် ရောင်းချနေသော အရသာဟင်းခတ်မှုန်နှင့် ခရုဆီ၊ တရုတ်ငံပြာရည် ၊ လျာလကာရည် အသင့်ခတ်အရသာကုန်စည်များအား ကုန်အညွှန်းအမှတ်အသား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

   ကွင်းဆင်းစစ်ဆေးရာတွင် ပန်းတနော်မြို့နယ်တာဝန်ခံရုံးမှ တာဝန်ရှိသူများက ဟင်းခတ်မှုန် ကုန်စည်အမျိုးမျိုးတွင်ကုန်အညွှန်းအမှတ် အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (/၂၀၁၉)နှင့်အညီ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အသေးစိတ် စိစစ်ချက်များအတိုင်း ပြည့်စုံစွာထည့်သွင်ဖော်ပြထားခြင်း ရှိ/မရှိ နှင့် သက်တမ်းလွန် ကုန်စည် များ ရောင်းချ နေခြင်း ရှိ/မရှိ ကို စစ်ဆေးခြင်း၊  ဈေးကွက်အတွင်း ကုန်စည်များ ကုန်အညွှန်းအမှတ်အသား အခန်း(၁၈)ပါ (ခ)(ဆ)ပါ အချက်အလက်များ ပြည်စုံစွာပါဝင်ပြီး ကျန်သော အချက်အလက်များလည်း မြန်မာဘာသာ အခြားဘာသာဖြင့် ဖော်ပြကုန်စည်များ ရောင်းချကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါသည်။ ကုန်မျိုးစုံရောင်းချသည့် စီးပွားရေးလုပ်ငန်း ရှင်များအား စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာဆောင်ရွက်ရမည့် တာဝန်များကို ရှင်းလင်းခြင်း အသိပညာ ပေးခဲ့ ကြောင်း သိရသည်။

DOCA(ဧရာဝတီ)