ကသာခရိုင်ရှိ သကြားလုပ်ငန်းအား Zoomဖြင့် စစ်ဆေး

Powered by Drupal

     ၂၀၂၅ ခုနှစ် စက်တင်ဘာလ (၁၂) ရက်နေ့ နံနက် ၉း၀၀ နာရီအချိန်တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးအစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးဆောင်၍ တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ အဖွဲ့ဝင်များဖြစ်ကြသော တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့်  တိုင်းဒေသကြီးစားသုံးသူရေးရာ ဦးစီးဌာနတို့ ပါဝင်သော စစ်ဆေးရေးအဖွဲ့သည် ကသာခရိုင်၊ ထီးချိုင့်မြို့နယ်ရှိ WILMAR သကြာလုပ်ငန်း(သက်တမ်းတိုး) အား  Zoom ဖြင့် စစ်ဆေးခဲ့ကြောင်း သိရသည်။

      ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် “WILMAR SUGAR (MYANMAR) LIMITED” သကြား လုပ်ငန်းစက်ရုံ၏ အစားအသောက်ထုတ်လုပ်မှုအခြေအနေအား  ကောင်းမွန်သောထုတ်လုပ်မှု ကျင့်စဉ် (GMP)နှင့်အညီ ထုတ်လုပ်ခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး သက်ဆိုင်ရာကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာများက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)