
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ နှင့်ကြံခင်းမြို့နယ်တာဝန်ခံတို့ပါဝင်သောအဖွဲ့သည် (၁၅.၉.၂၀၂၅)ရက်နေ့ နံနက်(၀၉:၀၀) နာရီအချိန် တွင် မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ရှိ မြို့မရပ်ကွက်၊ ရွေတောင်စုရပ်ကွက်၊ ရွာသစ်ရပ်ကွက်၊ ကလို့ကွင်းအုပ်စု နှင့်ခုံကြီးအုပ်စုတို့ရှိစားအုန်းဆီ လက်ကား၊ လက်လီရောင်းချသည့် လုပ်ငန်းရှင်ကိုယ် စားလှယ်များနှင့် တွေ့ဆုံပြီး စားသုံးသူပြည်သူများသို့ အိမ်ထောင်စုအလိုက် ဆီဝယ်ယူခွင့် စာအုပ်များဖြင့် ဆီရောင်းချမှုအခြေအနေ၊ သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး၊ ဆီဖြန့်ဖြူးရောင်းချရာတွင် အိမ်ထောင်စုများသို့ ကျယ်ကျယ်ပြန့်ပြန့် ရာနှုန်းပြည့်မီအောင် ရောင်းချပေးစေရေး၊ သတ်မှတ်ကာလအတွင်း သတ်မှတ်ပမာဏကို သတ်မှတ်ဈေးနှုန်းဖြင့် အရည် အသွေး၊ အလေးချိန် ပြည့်ဝစွာ ပြည်သူများသို့ ဖြန့်ဖြူးရောင်းချစေရေးတို့ကို ဟောပြောဆွေး နွေးခြင်းနှင့် စားအုန်းဆီဖြန့်ဖြူးရောင်းချပေးနေမှုများအား စိစစ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါ သည်။
(DOCA ဧရာဝတီ)