
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် စားသုံးသူရေးရာကော်မတီ၏ ဒုတိယကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၅ ခုနှစ် စက်တင်ဘာလ(၁၆)ရက်နေ့ နံနက် (၁၀:၀၀)အချိန်တွင် ဟင်္သာတခရိုင်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေး တွင် ဦးစွာ ဟင်္သာတခရိုင်စားသုံးသူရေးရာကော်မတီအဖွဲ့ ဥက္ကဌ ဟင်္သာတခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်ထွန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ အတွင်းရေးမှူး စားသုံးသူရေးရာ ဦးစီးဌာန ဟင်္သာတခရိုင်ဦးစီးမှူး ဦးဇော်မင်းမှ အထက်ဌာန လမ်းညွှန်ချက်များ၊ ဆုံးဖြတ်ရမည့် အမှာစာများနှင့် ယခုလအတွင်း ဆောင်ရွက်ခဲ့မှုများ၊ လာမည့် တတိယ သုံးလပတ်တွင် ဆောင်ရွက် မည့် လုပ်ငန်းစီမံချက်များကို ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသူ အဖွဲ့ဝင်များက လည်း ကဏ္ဍအလိုက် ဆွေးနွေးကြပြီး၊ ခရိုင်ကုသရေးဦးစီးဌာန ဆေးရုံအုပ်ကြီး ဒေါက်တာဖြိုးဝေဝင်းမှ အသင့်စားခေါက်ဆွဲခြောက်အမျိုးမျိုး၊ အချိုရည်အမျိုးမျိုးနှင့် ပတ်သတ်၍ မေးမြန်းဆွေးနွေးခဲ့ပါသည်။ စားသုံးသူရေးရာကော်မတီအဖွဲ့ ဥက္ကဌ ဦးလှိုင်ထွန်းမှလည်း တင်ပြဆောင်ရွက်ခဲ့သည့် အမှာစာ(၆) ချက်အား အတည်ပြုဆွေးနွေး ဆုံးဖြတ်ခဲ့ပါသည်။ နိဂုံးချုပ်အနေဖြင့် အဖွဲ့ဝင်များရဲ့ ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို လည်း ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ခဲ့ပြီး နေ့လည်( ၁၂ : ၀၀) အချိန်တွင် အစည်းအဝေး ပြီးမြောက်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးကို အဖွဲ့ဝင်နှင့် ဖိတ်ကြား ထားသူ (၂၁)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
(DOCA ဧရာဝတီ)